အခွန်ဆောင်ရန်

စီးပွါးရေးလုပ်ငန်းများအတွက် အခွန်ဆောင်ရန် စီးပွါးရေးလုပ်ငန်းများ သို့သွားပါ။

လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် အခွန်ဆောင်ရန် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့သွားပါ။


အခွန်ဆောင်ရမည့်နည်းလမ်းအဆင့်ဆင့်


အခွန်အကောက်ဥပဒေ နှင့် ပြဌာန်းရခြင်းရည်ရွယ်ချက်

၂၀၂၁ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

၂၀၂၁ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဌာန်းရခြင်းရည်ရွယ်ချက်


မူဝါဒများ

ဝန်ကြီးဌာန၏ မူဝါဒများ

 – အာဏာသိမ်းစစ်ကောင်စီအား အကျိုးပြုစေရန် ရည်ရွယ်၍ စီးဝင်လာမည့် မည်သည့် ဘဏ္ဍာငွေကြေး အထောက်အပံ့ ကို မဆို တားဆီးပိတ်ပင်မှုများ ပြုလုပ်သွားရေး။


– ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အသစ် တည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေး။

ပြည်တွင်းအခွန်များဦးစီးဌာန၏ မူဝါဒများ

– ပြည်သူ့ဘဏ္ဍာ အခွန်ငွေများအား အကြမ်းဖက်စစ်ကောင်စီသို့ စီးဆင်းမှု မရှိစေရေး။


– ပြည်သူလူထု တစ်ရပ်လုံး၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အသစ် တည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် အခွန်စနစ်ထားရှိရေး။


– ဖယ်ဒရယ် ပြည်ထောင်စု အစိုးရနှင့် ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင်ယူနစ်အကြား တိကျ၍ စည်းစနစ်ကျသော အခွန်ဘဏ္ဍာ ကောက်ခံသည့်စာရင်းကို ရှင်းလင်းစွာ ဥပဒေပြု ပြဌာန်းထားရှိရေး။


– ဖယ်ဒရယ် ပြည်ထောင်စုအခွန်ဘဏ္ဍာ ကောက်ခံသော ယန္တရားနှင့် ဖယ်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ယူနစ် အခွန်ဘဏ္ဍာကောက်ခံသော ယန္တရားတို့ သီးခြားစီထားရှိရေး။


– အခွန်ထမ်းပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေသော အခွန်စနစ်တစ်ရပ် ပေါ်ပေါက်လာရေး။