ဒုတိယဝန်ကြီး၏ အမှာစကား

အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် ဆင်နွှဲရာမှာ အတွေးအခေါ်တော်လှန်ရေးက အရေးကြီးတဲ့ အပိုင်းကဏ္ဍမှာ ပါဝင်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထုတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ဖီလာဆန့်ကျင်တဲ့အတွေးအခေါ် အယူအဆတွေကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား တော်လှန်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်နေသည့် ယခုလိုအချိန်မျိုး၌ ဆူးတစ်ချောင်း ဆောက်တစ်လက် ဖြစ်စေပါတယ်။ ယင်းသို့ ယူဆသည့်အတိုင်း လက်တွေ့ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဦးမင်းဇေယျာဦး ဒုတိယဝန်ကြီး