အခွန်ဆောင်သူများမှ မိမိတို့၏ ကိုယ်ရေးအချက်အလက်နှင့် မိမိတို့လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာနသို့ မဖြစ်မနေ ပေးရန် မလိုအပ်ပါ။

အခွန်ဆောင်ပြီးချိန်တွင် ရရှိမည်ဖြစ်သော Unique Identification Number ကိုသာ အခွန်ထမ်း၏ မှတ်တမ်းအဖြစ် သတ်မှတ်ထားရှိမည်ဖြစ်ပါသည်။

Unique Identification Number ကို စစ်မှန်မှု ရှိ၊မရှိ စစ်ဆေးနိုင်သော နည်းပညာများ အသုံးပြု၍ ထုတ်ပေးထားမည်ဖြစ်သောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာန မှ အတု၊အစစ်ခွဲခြားနိုင်ပါသည်၊၊

အခွန်ပေးဆောင်ရမည့် ပမာဏကို အခွန်ထမ်း က သာ ကိုယ်တိုင်သတ်မှတ်ပြီး အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်၊၊ လုပ်ငန်းတစ်ခုစီ (သို့) လူပုဂ္ဂိုလ် တစ်ဦးစီ မှ ပေးဆောင်ထားသောအခွန်ငွေမှတ်တမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရမှ သေချာစွာထိမ်းသိမ်းထားမည်ဖြစ်သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ၏ တရားဝင်ဘဏ်အကောင့်သည် US Dollar (USD) ငွေစာရင်းဖြစ်သောကြောင့် လူကြီးမင်းထမ်းဆောင်လိုသော အခွန်ငွေပမာဏကို မိမိဘာသာချင့်ချိန်တွက်ချက်ပြီး US Dollar (USD) ပေးဆောင်ရပါမည်။ US Dollar (USD) ဖြင့်ပေးဆောင်ထားသော ယင်းအခွန်ငွေပမာဏကို တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလတွင် အခွန်ကင်းလွတ်ခွင့်အနေနှင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၀ နှင့် အညီ အစိုးရသည် အခွန်ထမ်းပြည်သူများ လိုလားစွာပေးဆောင်သည့် အခွန် ဘဏ္ဍာငွေများကို တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် Covid-19 ကပ်ဘေးတို့ကြောင့် ပြည်သူလူထုအပေါ် ဆိုးရွားစွာသက်ရောက်လျှက်ရှိသည့် ကျန်းမာရေး၊ပညာရေး၊လူမှုကယ်ဆယ်ရေး၊ သက်ကြီးရွယ်အို ကလေးသူငယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အသုံးစရိတ်များအတွက် ဦးစားပေးသုံးစွဲရမည်ဖြစ်ပါသည်၊၊

ပုံစံ က – ၀ဝ၁ တင်သွင်းစဉ်က မိမိအသုံးပြုခဲ့သောအီးမေးလ် ကို ဆက်လက်အသုံးမပြုနိုင်ပါက အီးမေးလ် အသစ်ဖြင့် ပုံစံ ခ – ၀ဝ၁ ကို ဖြည့်သွင်းနိုင်ပါသည်။ ထိုကဲ့သို့ဖြည့်သွင်းရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန မှ ပေးပို့ထားသည့် (Application Number) ကို မှန်ကန်စွာ ဖြည့်စွက်ရန်သာအရေးကြီးပါသည်။

အခွန်ဆောင်စဉ်က ပေးထားသော လျှို့ဝှက်အထောက်အထားများကို အတိအကျ ပေးနိုင်လျှင် ပြည်တွင်းအခွန်များဦးစီးဌာန မှ အချိန်ကာလတစ်ခုတွင် ပြန်လည်စစ်ဆေးပေးနိုင်မည်ဖြစ်ပါသည်။

အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် (International Bank to Bank Transfer) ဖြင့် ပေးပို့နိုင်သူ အခွန်ထမ်းများအားလုံး အခွန်ပေးဆောင်နိုင်ပါသည်။ သို့မဟုတ် ပြည်ပတွင်ရှိနေသော တစ်စုံတစ်ဦး၏ အကူအညီဖြင့် ငွေလွှဲခြင်းဖြင့် မိမိကိုယ်တိုင် အခွန်ပေးဆောင်နိုင်ပါသည်၊၊

ပြည်ပနေနိုင်ငံသားများ ဝင်ငွေခွန်ပေးဆောင်လိုလျှင် လစာဝင်ငွေမဟုတ်သော အခြားရလမ်းမှ ဝင်ငွေများအတွက် အခွန်ပေးဆောင်နိုင်ပါသည်၊၊

အဖွဲ့လိုက် အခွန်ဆောင်လိုသူများအနေနှင့် အခွန်ထမ်း ၁၀ ဦးအထိ စုပေါင်းပြီး ငွေလွှဲနိုင်မည် ဖြစ်ပါသည်။

စုပေါင်းအခွန်ထမ်းဆောင်ရန် အတွက် ပုံစံ (ခ-၀၀၁) ကို ဖြည့်သွင်းချိန်တွင် ‘’အခွန်ထမ်း အများစုကို ကိုယ်စားပြု၍ စုပေါင်း အခွန်ထမ်းဆောင်ခြင်း ဖြစ်ပါသလား။’’ ဆိုသည့်မေးခွန်း ကို “ ဟုတ်ပါသည်” ဟု အဖြေပေးရပါမည်။

အခွန်ထမ်းများ၏ အမည် နှင့် ထမ်းဆောင်သည့် အခွန်ပမာဏများကို စာရင်းတစ်ခုပြုစု၍ ပုံစံ (ခ-၀၀၁) တွင် တွဲလျှက် တပါတည်း တင်ပြရမည်ဖြစ်ပါသည်၊၊

အခွန်ထမ်း တစ်ဦးစီအတွက် (Unique Identification Number) တစ်ခုစီကို ပြည်တွင်းအခွန်များဦးစီးဌာနမှ သီးသန့်ထုတ်ပေးသွားမည် ဖြစ်ပါသည်။

NUGPay သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) သို့ USDT ဖြင့် ငွေကြေးဝန်ဆောင်မှုစနစ်ပေးသော မိုဘိုင်းငွေကြေးစနစ် (Mobile Wallet) ဖြစ်ပါသည်။

NUGPay ၏ နိုင်ငံတကာမှ ကိုယ်စားလှယ်များထံတွင် Activation Code များကို ဝယ်ယူ၍ NUGPay Wallet ကိုဖွင့်လှစ်နိုင်ပါသည်။ NUGPay အသုံးပြု၍ Topup Code ဖြင့် ငွေဖြည့်ခြင်း၊ အခြား NUGPay Wallet တစ်ခုသို့ ငွေလွှဲခြင်း၊ မိမိ၏ NUGPay Wallet ဖြင့် ငွေလက်ခံခြင်း တို့ကို လုံခြုံ၊ လွယ်ကူ၊ လျင်မြန်စွာ ပြုလုပ်နိုင်ပါသည်။

NUGPay နှင့် သက်ဆိုင်သည့် သိကောင်းစရာ/ မှတ်သားဖွယ်ရာများ နှင့် NUGPay ကိုယ်စားလှယ်များအား ဆက်သွယ်ရန် https://www.facebook.com/nugpaymyanmar တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

SDB နှင့် သက်ဆိုင်သည့် သိကောင်းစရာ/ မှတ်သားဖွယ်ရာများ နှင့် SDB ၏ နိုင်ငံတကာမှ Relationship Manager အား ဆက်သွယ်ရန် https://springdevelopmentbank.com/ တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။